ဟားခါးတက္ကသိုလ်၊ ကောလိပ် ပညာရေးနှင့်အဆောက်အအုံ၊ ပစ္စည်းပစ္စယ

Tha Cer Cin

အသိပညာ၊ အတတ်ပညာသင်ကြားရာတွင် လိုအပ်သည့် အဆောက်အအုံ၊ အထောက်အပံ့ ပစ္စည်း ပစ္စယများသည် တက္ကသိုလ်ဖွံ့ဖြိုးတိုးတက်နိုင်ရန်နှင့် အရည်အချင်းရှိသည့် ပညာရပ်တစ်ခုရရှိရန်အတွက် အရေးကြီးလှပါသည်။ ချင်းပြည်နယ်ရှိ တက္ကသိုလ်၊ ကောလိပ်များအနေဖြင့် လိုအပ်သည့် အဆောက်အအုံ၊ အထောက်အပံ့ပစ္စည်းပစ္စယများ ဘယ်လောက်ထိ ရှိနေသလဲ။ ဘယ်လိုအခြေအနေမှာ ရပ်တည်နေကြ သလဲ၊ ဆိုတဲ့ မေးခွန်းဟာ အရေးပါသည့်မေးခွန်းတစ်ခုဖြစ်ပါသည်။ ထို့ကြောင့် ယခုသုတေသန၏ မေးခွန်း မှာ “ဟားခါး တက္ကသိုလ်၊ ကောလိပ်များ၌ လိုအပ်သည့် အဆောက်အအုံ၊ အထောက်အပံ့ ပစ္စည်းပစ္စယများ ဘယ်လောက်ထိပြည့်စုံမှုရှိနေပြီလဲ၊ ထိုသို့မပြည့်စုံခြင်းကြောင့် ပညာသင်ကြားရာတွင် အကျိုးသက် ရောက်မှု ဘယ်လောက်ထိရှိနေသလဲ၊” ဆိုသည့်အရာ ဖြစ်ပါသည်။

ဤသုတေသန၌ အဓိကအားဖြင့် ပညာသင်ကြားရာတွင် လိုအပ်သည့် အဆောက်အအုံ၊ ပစ္စည်း ပစ္စယ၊ အားကစား၊ စာကြည့်တိုက်နှင့် အခြားအရာများ ဘယ်လောက်ထိပြည့်စုံမှုရှိနေသလဲ ဆိုသည့် အချက်ကိုလေ့လာထားပါသည်။ ယခုသုတေသနမှ လေ့လာတွေ့ရှိချက်များကို အောက်ပါအတိုင်း ဖော်ပြ ထားပါသည် –

ပထမအနေဖြင့် ဟားခါးတက္ကသိုလ်၊ ကောလိပ်များ၌ သင်ကြားရေးအတွက် လိုအပ်သည့် အခန်း၊ စားပွဲ၊ ထိုင်ခုံများ ပြည့်စုံသလောက်ရှိကြောင်းတွေ့ရှိရပါသည်။ လူတွေ့ဆုံမေးမြန်းသည့် ကျောင်းသူ/သား ၏ (၇၈)ရာခိုင်နှုန်းက စာသင်ခန်းလုံလောက်ကြောင်းနှင့် (၇၅)ရာခိုင်နှုန်းသောကျောင်းသူ/သားများက စားပွဲ၊ ထိုင်ခုံများ ပြည့်စုံမှုရှိကြောင်း ဖြေကြားထားပါသည်။ သို့သော် စဉ်းစားရမည့်အချက်တစ်ခုက မသန်စွမ်း ကျောင်းသူ/သားများအတွက် သွားရေး လာရေး လွယ်ကူအဆင်ပြေနိုင်ရန် ပြုလုပ်ဆောင်ရွက် ပေးခြင်းမရှိကြောင်းဖြေကြားသည့်အချက်ဖြစ်ပါသည်။

ဒုတိယအနေဖြင့် အားကစားပြုလုပ်ရန် ကစားကွင်းများ လိုအပ်နေကြောင်း တွေ့ရှိရပါသည်။ လူတွေ့ဆုံမေးမြန်းသည့် ကျောင်းသူ/သား၏ (၇၉) ရာခိုင်နှုန်းက အားကစားပြုလုပ်ရန် နေရာ မရှိကြောင်း ဖြေကြားထားပါသည်။ ထို့သည်သာမက ကစားရန်နေရာ (၂) နေရာရှိသော်လည်းပဲ အချိန်ပြည့် အသုံးပြုရန် အဆင်မပြေကြောင်းတွေ့ရှိရပါသည်။ လူတွေ့ဆုံမေးမြန်းသည့် (၅၁) ရာခိုင်နှုန်းသော ကျောင်းသူ/သားများက အားကစားပြုလုပ်ရန် Gym ဆော့ကစားမည့်နေရာရှိသော်လည်းပဲ အသုံးပြု လို့မရကြောင်းဖြေကြားထားပါသည်။

တတိယတွေ့အချက်အနေဖြင့် တက္ကသိုလ်တစ်ခုအတွက် အရေးကြီးဆုံးဖြစ်သော စာအုပ်နှင့် ပစ္စည်း ပစ္စယများ လိုအပ်လျက်ရှိကြောင်းတွေ့ရှိရပါသည်။ လူတွေ့ဆုံမေးမြန်းသည့် ကျောင်းသူ/သား၏ (၆၃)ရာခိုင်နှုန်းက မိမိသင်ယူရသည့်ဘာသာရပ်နှင့်ပတ်သက်ပြီး ဖတ်စရာစာအုပ် လိုအပ်မှုရှိနေကြောင်း နှင့် (၂၅)ရာခိုင်နှုန်းသော ကျောင်းသူ/သားများက လိုအပ်မှု ရှိ/မရှိသည်ကို သိရှိမှုမရှိကြောင်း ဖြေကြား ထားပါသည်။ ထိုအခြေအနေကိုကြည့်ခြင်းအားဖြင့် ကျောင်းသူ/သားများ စာကြည့်တိုက် အသုံးပြုမှုနည်း ပါးကြောင်း မှတ်ချက်ချနိုင်ပါသည်။ ထို့အပြင် ကျောင်းသူ/သားအများစုက ဌာနစာကြည့်တိုက် မရှိကြောင်း ဖြေကြားထားပါသည်။ မြန်မာစာဌာနနှင့်အင်္ဂလိပ်စာဌာနကသာ ဌာနပိုင်စာကြည့်တိုက် ရှိနေပါသည်။ လက်တွေ့စမ်းသပ်မှုလုပ်ဆောင်ရန် ပစ္စည်းပစ္စယ လိုအပ်လျက်ရှိကြောင်းနှင့် အခန်းအတွင်း ထားရှိသော ပစ္စည်းနည်းသည့်အတွက် ကျောင်းသူ/သားများအတွက် လုံလောက်မှုမရှိကြောင်း တွေ့ရှိ ရပါသည်။ ထို့အပြင် အချို့သောပစ္စည်းများကို တန်ဖိုးကြီးလွန်းသည့်အပြင် အကယ်၍ ပျက်စီးစေပါက လျော်ကြေးပေးရမည်ဖြစ်သဖြင့် ကျောင်းသူ/သားများက ထိတွေ့စမ်းသပ် အသုံးပြုမှု မပြုရဲကြောင်း တွေ့ရှိရပါသည်။ စဉ်းစားရမည့်အချက်တစ်ခုမှာ အချို့သောဌာနများ၌ ဆရာ/မလုံလုံလောက်လောက် (ပိုသည့်အနေ အထားလည်းရှိ) ရှိသော်လည်းပဲ အချို့သောဌာနများတွင်မူ လိုအပ်မှုရှိကြောင်းတွေ့ရှိရခြင်း ဖြစ်သည်။

စတုတ္ထချက်အနေဖြင့် ကျောင်းသူ/သားများ နေထိုင်သွားလာရေး၊ မော်တော်ယဉ်၊ ဆိုင်ကယ် ထားရှိရန်နေရာရရှိရေးနှင့် လွယ်ကူစွာငွေထုတ်ယူရရှိနိုင်ရေး စသည်အခြေအနေများ လိုအပ်လျက်ရှိ ကြောင်း တွေ့ရှိရပါသည်။ ဟားခါးတက္ကသိုလ်၊ ကောလိပ်များ၌ ဘဏ်မရှိသည့်အပြင် အေတီအမ် (ATM) စက်များလည်းမရှိပေ။ ကျောင်းသူ/သားများအတွက် နေထိုင်ရန် ဟားခါးကောလိပ်အတွင်း hostel ရှိသော်လည်းပဲ နေရေးထိုင်ရေးအဆင်ပြေမှုမရှိကြောင်း (၇၀)ရာခိုင်နှုန်းသောကျောင်းသူ/သားများက ဖြေကြားထားပါသည်။ GTI နည်းပညာကျောင်းလျှင်မူ ကျောင်းသူ/သားများ နေထိုင်ရန် Hostel မရှိခြင်း ကြောင့် ကျောင်းသူ/သားများ အဆောင်ငှားပြီး နေထိုင်ကြပါသည်။ ထိုသို့သော အခြေအနေများကြောင့် နေရေးထိုင်ရေးကိစ္စများတွင် အဆင်ပြေမှုမရှိကြောင်း တွေ့ရှိရပါသည်။

လေ့လာတွေ့ရှိချက်အရ ခြုံငုံသုံးသပ်သည့်အခါ ဟားခါးတက္ကသိုလ်၊ ကောလိပ်များတွင် ပညာသင် ကြားရေးအတွက် လိုအပ်သည့် အဆောက်အအုံ၊ အထောက်အပံ့ ပစ္စည်းပစ္စယများ လိုအပ်လျက်ရှိပြီး ကျောင်းသူ/သားများ နေထိုင်ရေးအတွက် လိုအပ်သည့်အဆောက်အအုံ မပြည့်စုံကြောင်းတွေ့ရှိရပါသည်။ ကျန်းမာရေးနှင့်ခန္ခာကိုယ်ကျန်းမာဖွံ့ဖြိုးတိုးတက်ရန်အတွက် လိုအပ်သည့် အားကစားပြုလုပ်ရန် နေရာ၊ ပစ္စည်းများ လိုအပ်မှု များနေကြောင်း တွေ့ရှိရပါသည်။ ထို့ကြောင့် ချင်းပြည်နယ်အတွင်းရှိ တက္ကသိုလ်၊ ကောလိပ်များ တိုးတက်ကောင်းမွန်လာရန်နှင့် အသိပညာ၊ အတတ်ပညာများကို အမွေအဖြစ်ပေးနိုင်သော တက္ကသိုလ်၊ ကောလိပ်များဖြစ်နိုင်ရန်အလို့ငှာ တက္ကသိုလ်၊ ကောလိပ်များမှတာဝန်ရှိသူများ၊ အစိုးရ မင်းများ၊ လူမှုအဖွဲ့အစည်းများနှင့်ပြည်သူလူထုအားလုံး အတူတကွလက်တွဲဆောင်ရွက်ရန် လိုအပ်ပါသည်။

Note: Written by Tha Cer Cin, and translated by Van Kung Lian

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s